
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၂၅.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ် ကျွန်းကလေးကျေးရွာရှိ သုခစံလောင်စာတောင့်စက်ရုံ လုပ်ငန်းရှင်နှင့် တွေဆုံ၍ ဈေးနှုန်းဈေးကွက်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ ကျွန်းကလေးကျေးရွာရှိ လောင်စာတောင့်လုပ်ငန်းတွင် ထုတ်လုပ်လျက်ရှိသောလောင်စာတောင့်များအား ထုတ်လုပ်တင်ပို့ ရောင်းချမှုများအားမေးမြန်းစစ်ဆေးပြီး ရောင်းချသောလောင်စာတောင်များ၏ ဈေးနှုန်းဈေးကွက်များကိုလည်း အသေးစိတ်စုံစမ်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)