
၂၆.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်၊ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများသည် သထုံမြို့ရှိ ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ပွင့်ဖူးဝေ၊ ရွှေဧရာ၊ ထိပ်တန်း ဆန်အရောင်း ဆိုင်များတွင် ရောင်းချလျက်ရှိသော ဆန်များတွင် ဆန်အမျိုးအစားများအား ရောနှောရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပြီး၊ ဆန်များရောနှောရောင်းချခြင်းမပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ဖေဖော်ဝါရီလနောက်ဆုံးအပတ်ဆန်ဈေးနှုန်းများမှာ ကျားပျံ (၂၄) ပြည် တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ပေါ်ဆန်းဝါ (၂၄) ပြည်တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ကမာကြည် (၂၄) ပြည်တစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်၊ ဧည့်မထ (၂၄) ပြည်တစ်အိတ်လျှင် ၇၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအပတ်ဆန်ဈေးနှုန်းမှာ ယခင်အပတ် ထက် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)