မော်လမြိုင်မြို့နယ်တွင် စားအုန်းဆီ ​​ရောင်းချ​နေမှုအား ကွင်းဆင်းစစ်​ဆေး

Powered by Drupal

           ၂၇.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူ​ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ​မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ စည်ပင်သာယာဈေးများတွင် ရောင်းချနေသော စားအုန်းဆီ လက်လီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ်  ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာနှုန်းထက် ပိုမို၍ ရောင်းချ​နေမှုရှိ/ မရှိ၊ အလေးချိန်မှန်ကန်မှုရှို/ မရှိတို့ကို ကွင်းဆင်းစစ်​ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)