စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း ကုန်စည်များတွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြား

Powered by Drupal

            စားသုံးသူကာကွယ်ရေးဥပဒေအရကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ် ညွှန်ကြားချက်ကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များကသိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာကြ ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ Top One ကိတ်နှင့်ကိတ်စိုမုန့်မျိုးစုံလုပ်ငန်း၊ ဆင်ညီနောင်စား သောက်ကုန်လုပ်ငန်း၊ စိန်ရတီကိတ်နှင့် ကိတ်စိုမုန့် မျိုးစုံလုပ်ငန်း၊ အောင်တံခွန်စားသောက်ကုန်၊ ရွှေစင်မင်းကိတ်နှင့်ကိတ်စိုမုန့်မျိုးစုံလုပ်ငန်း၊ မြကေသီ ကိတ်နှင့်ကိတ်စိုမုန့်မျိုးစုံလုပ်ငန်းမှ ၎င်းတို့၏ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအားစိစစ်ပြန်ကြားပေးရန် တင်ပြမှုအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနက ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ လိုအပ်သည့်အချက်များနှင့် အခြားသက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန် ပြန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)