စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဒေါ်ဝါဝါမြိုင်နှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ ဇွန်လ ၉ရက်နေ့၊ ညနေ (၄:၃၀) အချိန်က မွန်ပြည်နယ် မြန်မာနိုင်ငံသားများဘဏ် (MCB)၌ ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းတို့ကို စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် ဦးစီးအရာရှိဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ရည်မှန်းချက်၊ စားသုံးသူနှင့်စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင် တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် အာမခံချက်များ၊ စားသုံးသူမှ အာမခံချက်နှင့် ပတ်သက်ပြီးတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုနှင့်ပတ်သက်၍ အကြောင်းအရာများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လျင် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)၌ တိုင်ကြားမှုဆောင်ရွက်နိုင်သည်တို့အား ရှင်းလင်းဆွေးနွေးပြီး ဘဏ်ဝန်ထမ်းတို့မှ သိလိုသည်များကို မေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)