ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် (၄-၃-၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး၊ အစည်းဝေးခန်းမတွင် ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်(၁၀)ဦးအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။

            အဆိုပါအသိပညာပေးဟောပြောမှုတွင် ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးမှ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်ကိစ္စရပ်ကိုရှင်းလင်းခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏လိုက်နာရမည့်တာဝန်များ ကိုရှင်းလင်းခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈)တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ပါရှိရမည့်အချက်များကို ရှင်းလင်းခြင်း၊ စားသုံးသူသည် လိုအပ်ချက်အရ ကုန်စည်ကိုဝယ်ယူအသုံးပြုရာတွင် ကုန်စည်ကြောင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စားသုံးသူ၏အခွင့်အရေးရှိ၍ တိုင်ကြားနိုင်သည့် လိပ်စာများ၊ နည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ဆိုင်ရှင်လုပ်ငန်းရှင်များကလည်း မိမိတို့ရောင်းချသောကုန်စည်များတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအစား၊ အသားတင်ပမာဏ၊ ထားသိုပုံ၊ သိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ အမှတ်စဉ်၊ လုပ်ငန်းအမည်၊ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ကျန်းမာရေးဘေးထွက်ဆိုးကျိုး၊ သက်ဆိုင်ရာဌာနတို့၏ ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များပါဝင်သည့် ကုန်စည်ကိုသာရွေးချယ်ဦးစားပေးရောင်းချရမည်ကို သိရှိလာရပါကြောင်းနှင့် ထပ်မံသိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

DOCA(ဧရာဝတီ)