မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် တယ်ချောင်းကျေးရွာရှိ ပြည်လုံးအေးစေတီတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၁.၃.၂၀၂၅)ရက်နေ့ နံနက်(၀၇:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ တယ်ချောင်းကျေးရွာရှိ ပြည်လုံးအေးစေတီတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

            ထို့သို့သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ် တယ်ချောင်းကျေးရွာရှိ ပြည်လုံးအေးစေတီတွင် စားသုံးသူရေးရာဦးစီးဌာန၊ အခြားဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း” ဟူသောလမ်းညွှန်ချက်နှင့်အညီ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)