
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်နှင့် ဝန်ထမ်းများသည် (၁.၃.၂၀၂၅)ရက်နေ့ နံနက်(၀၇:၀၀)နာရီအချိန်တွင် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပူးပေါင်း၍ မြောင်းမြမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ စင်္ကြာနန္ဒ၊ စင်္ကြာသီဟ စေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ စင်္ကြာနန္ဒ၊ စင်္ကြာသီဟ စေတီတော်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့မှစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း” ဟူသောလမ်းညွှန်ချက်နှင့်အညီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)