ဈေးကွက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဦးဆောင်လျက် အုတ်ဖိုမြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးဦးအေးဇော်ထိုက်နှင့် မြို့နယ်တာဝန်ခံ ရုံးမှဝန်ထမ်းများသည် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလ ၂၅ရက်နေ့နံနက် (၁၁:၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ် အတွင်းရှိဓာတ်မြေဩဇာရောင်းချသောဆိုင်များ ဘိလပ်မြေရောင်းချသော ဆိုင်များသို့ကွင်းဆင်း စစ်ဆေး၍ဈေးနှုန်းဈေးကွက် အခြေအနေနှင့်ပစ္စည်းလက်ကျန်စာရင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

           အိမ်ဆောက်ပစ္စည်းနှင့်ဘိလပ်မြေရောင်းချသူလုပ်ငန်းရှင် ဦးအောင်ဇော်ဝင်းမှ ရောင်းချဈေးနှုန်းနှင့် ဝယ်ယူတင်သွင်းရမှု အခြေအနေများရှင်းလင်းတင်ပြပြီး ခရိုင်ဦးစီးမှူးမှ ပစ္စည်းများဝယ်ယူ ခြင်းရောင်းချခြင်းဆောင်ရွက်ရာတွင် ဘောင်ချာဖြင့်စနစ်တကျထားရှိရန် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချပါက အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း ရှင်းလင်းအသိပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)