တာချီလိတ်ခရိုင်၊ တာလေမြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်များလုံခြုံစိတ်ချမှု ရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တာလေမြို့စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇွန်လ(၈)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့ပေါ်ရှိသောက်ရေသန့်စက်ရုံများအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန်နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          တာချီလိတ်မြို့နယ် တာဝန်ခံနှင့် ဌာနဆိုင်ရာများသည် သောက်ရေသန့်လုပ်ငန်းရှင်များအား စက်ရုံဝန်ထမ်းများ၏တစ်ကိုယ်ရေသန့်ရှင်းရေးအားဂရုပြုရန်၊ သောက်ရေသန့်များကို စနစ်တကျ ထုတ်ပိုး၍ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများ၏လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင် ရွက်ရန်၊ လုပ်ငန်းလိုင်စင်၊ FDAထောက်ခံချက်များ သက်တမ်းတိုးခြင်းနှင့် ရေသန့်ဓါတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကို ပုံမှန်ပေးပို့စစ်ဆေးကြရန်မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ‘‘ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့်၊  အခန်း(၁၀)ပါ ‘‘စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”အား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)