
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးသည် ၂၀၂၅ခုနှစ် မတ်လ (၄)ရက်နေ့တွင် နံနက်(၁၀:၀၀)နာရီအချိန်တွင် အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား စစ်ဆေးရေးမှူး၏ တာဝန်များအရ ပြည်တွင်းထုတ်လုပ်သည့် ကုန်စည်များနှင့် ပြည်ပမှတင်သွင်းသော ကုန်စည်များ ဘေးအန္တရာယ်ရှိ/ မရှိ၊ (၁၀)ဂရမ် အထက် အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းတွင် ကုန်အညွန်းအမှတ်အသားများပါရှိမှု၊ မြန်မာဘာသာဖြင့် ဖော်ပြချက်များ၊ သုံးစွဲမှုအညွန်း၊ ထားသိုသိမ်းဆည်းပုံအညွန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များပါရှိမှုတို့ကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ပုဒ်မ (၄၁) (၄၃)အရ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူပြည်သူများ တစ်စုံတစ်ရာအန္တရာယ်မဖြစ်စေရေး ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ပေးရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)