မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွာလယ်ရပ်ကွက်ရှိ Five Star ဆိုင်တွင် ရောင်းချနေသော ကြက်အူချောင်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၅.၃.၂၀၂၅) ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရွာလယ်ရပ်ကွက်ရှိ Five Star ဆိုင်တွင် ရန်ကုန်မြို့ CP ကုမ္မဏီမှ ဝယ်ယူရောင်းချနေသော ကြက်အူချောင်းပါကင်အထုတ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်၊ ရွာလယ်ရပ်ကွက်ရှိ Five Star ဆိုင်တွင် ရောင်းချနေသော ကြက်အူချောင်းပါကင်ထုတ်များအား ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအသောက်များရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ပြီးနောက်ဆိုင်ရှင်များအား သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသောဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)