
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်အတူ (၆.၃.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ဓနုဖြူမြို့နယ်အတွင်း အသင့်စားကြက်အူချောင်း၊ ဝက်အူချောင်းရောင်းဝယ်နေမှု လုပ်ငန်းများဖြစ်သော ဦးကျော်ဆွေဝင်း၊ မြို့မဈေး၊ ဒေါ်လွင်မာချို မြို့မဈေး၊ ရွှေမုန့်ဆိုင်၊ ဦးဝင်းလွင် (၈)ရပ်ကွက် စုစုပေါင်း (၃)ဆိုင်အား ရောင်းဝယ်နေမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးဝင်းမင်းစိုးက ဓနုဖြူမြို့နယ်အတွင်း ရောင်းချနေသော အသင့်စားကြက်အူချောင်းနှင့် ဝက်အူချောင်းရောင်းချနေသည့် ဆိုင်(၃)ဆိုင်မှ ရောင်းဝယ်မှု အခြေအနေများကိုမေးမြန်းခဲ့ပြီး ရောင်းချနေသော ကြက်အူချောင်းနှင့် ဝက်အူချောင်းများမှာ ဝမ်းဝမ်း ရေတာရှည် ကြက်အူချောင်း 120g 3600ကျပ်ဝက်အူချောင်း 3600ကျပ်၊ တော့စတား ကြက်အူချောင်း 140g 2200ကျပ်၊ တော့စတား ဝက်အူချောင်း 140g 2200ကျပ်ဖြင့်ရောင်းချနေပြီး Cp ကုမ္ပဏီမှ ရောင်းချလျက်ရှိသည့် အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းတံဆိပ်များ ရောင်းချခြင်းမျိုးမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ အခြားသော တံဆိပ်ပါ ကြက်အူချောင်း၊ ဝက်အူချောင်းများကိုသာတွေ့ရှိရပြီး ၎င်းအခြား တံဆိပ်ကုန်စည်များသည်လည်း ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်ကြောင်း တွေ့ရှိရပြီး အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများသည် ရန်ကုန်မြို့ လက်ကားအရောင်းဆိုင်များမှ မှာယူရောင်းချကြောင်း ရောင်းချသူလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)