ပန်းတနော်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် ပန်းတနော် ဆန်စက်လုပ်ငန်းရှင်(၅)ဦးနှင့် (၆.၃.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် ဆန်စက်ဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

           တွေ့ဆုံဆွေးနွေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို ရှင်းလင်းခြင်း၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်းကို ရှင်လင်းခြင်း၊ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးဆွေးနွေးခြင်း၊ ဆန်တန် ၂၅ တန်နှင့်အထက် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးပိုင်ဆိုင်သူ MyRo တွင် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လျောက် ထားရမည်ဖြစ်‌ကြောင်း၊ မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည်မြောက်ပြီဖြစ်၍ သက်တမ်းတိုး လျှောက်ထားနိုင်ရန်ကိုလည်းကောင်း၊ မှတ်ပုံတင်ခွင့်ပြုပြီး သိုလှောင်ရုံများ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများ လစဉ်ဖြည့်သွင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ရန် ကျန်ရှိနေသေးသော သိုလှောင်ရုံများရှိပါက မှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန် လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)