
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံး၌ ဆန်စပါးကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်းတွေ့ဆုံပြီး ဆန်ကြမ်းများရောနှောရောင်းချခြင်းမရှိစေရန် ဆွေးနွေးပွဲကို ၈.၃.၂၀၂၅ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲသို့တက်ရောက်လာကြသော ဆန်စပါးကုန်သည်ကြီးများအသင်း ဆန်လက်လီ/လက်ကား ရောင်းချသူများအား ခရိုင်ဦးစီးမှူးဦးသန်းစိုးမှ ရွှေဘိုပေါ်ဆန်းနှင့် ဧရာ ပေါ်ဆန်းများတွင် ဆန်ကြမ်းအမျိုးအစားများ ရောနှောရောင်းချမှု မရှိစေရေးနှင့် ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်၊ဆန်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဆန်အရည်အသွေးအမျိုးအစားများ မှန်ကန်စေရေး၊ ဆန်တင်ချိန်(၂၅)၊ (၅၀၀) အိတ်နှင့် စပါး တင်း(၂၅၀၀) အထက်သိုလှောင်ထားပါက MyRo တွင်မှတ်ပုံတင်ရန်နှင့် MyRo တွင်မှတ်ပုံတင် သက်တမ်းပြည့်ပြီးက ဆက်လက်မှတ်ပုံတင်သက်တမ်းတိုးရန်၊ MyRoတွင်မှတ်ပုံတင်ထားပြီးသော ဆန်ဆိုင်များအား အိတ်အဝင်အထွက် လက်ကျန်စာရင်းများ လစဉ်ပေးပို့ရန်နှင့် ဆန်လက်လီ/ လက်ကား ရောင်းချသူများအား အရောင်းဆိုင်များသို့ဌာနမှ ကွင်းဆင်းစစ်ဆေးသည့်အခါ ပူးပေါင်းဆောင်ရွက်ပေးပါရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး၊ ထိုဆွေးနွေးပွဲတွင် ဆန်လက်လီ/ လက်ကား ရောင်းချသူ (၇)ဦးနှင့် စုစုပေါင်းတက်ရောက်သူဦးရေ (၁၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)