
စားသုံးသူရေးရာဦးစီးဌာန ၊မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၆.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက ၁၉၈၃ ခုနှစ်မှစ၍ နှစ်စဉ်မတ်လ(၁၅) ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အဖြစ်သတ်မှတ်ရန် Consumer International(CI) အဖွဲ့အစည်းမှ Anwar Fazal မှ အဆိုပြုခဲ့ခြင်းဖြစ်ပြီး၊ ထိုမှအစပြု၍ နှစ်စဉ်နှစ်တိုင်း မတ်လ(၁၅)ရက်နေ့ကိုသတ်မှတ်၍ စားသုံးသူလှုံ့ဆော် ဆောင်ရွက်မှုများကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆက်လက်၍ စားသုံးသူအခွင့်အရေးဆိုသည်မှာ၊ စားသုံးသူအခွင့်အရေးစတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားများအား နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့မှုများအကြောင်း၊ Media Campaign ဆောင်ရွက်မှု၊ နှစ်အလိုက် အခမ်းအနားများကျင်းပဆောင်ရွက်မှုအခြေအနေများအား အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)