ဆိပ်ဖြူမြို့နယ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းသည် (၁၅.၃.၂၀၂၅)ရက်နေ့၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် (..၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် သမဝါယမဦးစီးမှူးရုံး ၌ ဆိပ်ဖြူမြို့ပေါ်ရှိ မိဘပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ မိဘပြည်သူ (၃၅)ဦး တက်ရာက်ခဲ့ပါသည်။

              အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းက ကမ္ဘာ့ စားသုံးသူ အခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံနှင့် အခွင့်အရေးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးကမ်ပိန်းဆောင်ရွက်မှုများ၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူများမှ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြား နိုင်သူများ၊ တိုင်ကြားနိုင်သည့် နေရာများ၊ Consumer Call Center (1535)သို့လည်း မည်သည့်ဖုန်းဖြင့် မဆို ခေါ်ဆို တိုင်ကြားနိုင်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် မိဘ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)