၂၀၂၅-ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မကွေးခရိုင်နှင့်ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည် များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၅-ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၂၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ  မကွေးမြို့နယ်(၇)ကြိမ်၊ တောင်တွင်းကြီး မြို့နယ် (၄)ကြိမ်၊ မြို့သစ်မြို့နယ် (၂)ကြိမ်၊ နတ်မောက်မြို့နယ် (၁)ကြိမ်၊ ချောက်မြို့နယ် (၄)ကြိမ်၊ ရေနံချောင်း မြို့နယ်(၄)ကြိမ်၊ စုစုပေါင်း (၂၂)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)