မကွေးမြို့၊ ကန်သာစျေး၌ ကုန်စည်နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံသည် (၆.၃.၂၀၂၅)ရက်နေ့၊ နံနက် (၀၇:၀၀)မှ (၀၉:၀၀)နာရီအထိ မကွေးမြို့၊ ကန်သာစျေးတွင် ရောင်းချလျှက်ရှိသော ကုန်စည်များ အား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက် နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ နမူနာဝယ်ယူစစ်ဆေးခဲ့သော ပိန္ဒဲသီးစိပ်၊ မုန့်ဖက်၊ ခေါက်ဆွဲဖက်(နန်းကြီး/ နန်းသေး/ နန်းပြား)၊ ပဲပြား၊ ကြက်အူချောင်းနှင့် အသားတုတို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/မရှိ Mobile Lab Van ဖြင့် ချက်ချင်း စစ်ဆေးခဲ့ရာ သုံးစွဲရန်မသင့်သော ချွတ်ဆေးများနှင့် တာရှည်ခံဆေးများ သုံးစွဲထားခြင်းမရှိ ကြောင်းနှင့် ငရုပ်သီးမှုန့်နှင့် ငပိတို့အား  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဓါတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးပြီး စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိပါက ထုတ်လုပ်သူ လုပ်ငန်းရှင်များအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)