စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေး CICC ရုံးခန်းဖွင့်လှစ်ဆောင်ရွက်ပေး

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ (၁၀.၃.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ Consumer Information and Complaint Center(CICC) ဆိုင်းဘုတ်အသစ်ဖွင့်ပွဲအခမ်းအနားကို မင်းဘူးခရိုင်ဦးစီးမှူးရုံးရှေ့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ဦးစီးမှူးတို့မှ အမွှေးနံ့သာရည် များပက်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

           ဆက်လက်၍ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ Consumer Information and Complaint Center(CICC) ရုံးခန်းဖွင့်လှစ်ထားရှိမှုနှင့်ပတ်သက်ပြီး စားသုံးသူနှင့် ထုတ်လုပ်သူလုပ်ငန်းရှင်များအကြား အစားအသောက်နှင့် အသုံးအဆောင်ကုန်ပစ္စည်းဝန်ဆောင်မှုများဖြစ်သော ကျန်းမာရေး၊ ပို့ဆောင်ရေး၊ ပညာရေးနှင့် ဆက်သွယ်ရေး အစရှိသည့် ဝန်ဆောင်မှုကဏ္ဍများနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက ဆက်သွယ်တိုင်ကြားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရုံးများရှိရာသို့ လူကိုယ်တိုင်သွားရောက် ၍သော်လည်းကောင်း၊ Call Center ဖုန်းနံပတ် 1353နှင့် Internet Online တို့မှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)