
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်(၇-၃-၂၀၂၅) ရက်နေ့နံနက်(၁၁း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကံမမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၃) ဆိုင်တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ စားသုံးသူများဘေးကင်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များအား မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည် ဖြစ်ကြောင်း ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိပါက စားသုံးသူ ကာကွယ်ရေးဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် ကုန်စည်များနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းကို အသေးစိပ်ရှင်းလင်း ပြောကြားခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ စမ်းပါဝါ လိမ္မော်အနံ့အရသာ အချိုရည်တွင် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(မကွေး)