မကွေးမြို့၊ မြို့တော်ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

Powered by Drupal

          နှစ်စဉ် မတ်လ(၁၅)ရက်နေ့ရောက်တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က နှစ်စဉ် ဆောင်ပုဒ်များသတ်မှတ်ထုတ်ပြန်၍ ကမ္ဘာတစ်ဝန်း စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ (A Just Transition to Sustainable Lifestyles )ဖြစ်ပြီး ဘာသာပြန်ဆိုချက်အရ "လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့" ဖြစ်ပါသည်။

          အဆိုပါ ဆောင်ပုဒ်နှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးစားသုံးသူရေးကော်မတီဥက္ကဌတို့၏ လမ်းညွှန်မှုအရ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့တွင်  မကွေးမြို့၊ မြို့တော်ခန်းမတွင် နံနက်(၀၉:၀၀)နာရီအချိန်မှစ၍ အစီအစဉ်နှစ်ပိုင်းဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ အစီအစဉ်ပထမပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံနှင့် "လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့" ဟူသော ဆောင်ပုဒ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ အထိမ်းအမှတ် Video Click ပြသခြင်း၊ အမှတ်တရဂါရဝလက်ဆောင်ပေးအပ်ခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့နောက် တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ခင်းကျင်းပသထားသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ထုတ်ကုန်များ၊ ကုန်အညွှန်းအမှတ်အသားမပြည့် စုံသေးသည့် ထုတ်ကုန်များအား လှည့်လည် ကြည့်ရှုခြင်း၊ CICC တိုင်ကြားမှုများအား ဗီနိုင်းဘုတ်များဖြင့် ခင်းကျင်းပြသထားမှုအား မေးမြန်း လာမှုအပေါ် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အစီအစဉ် ဒုတိယပိုင်းတွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဉာဏ်စမ်းပဟေဠိများအား မေးခွန်းလွှာများဝေငှ၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ဖြေကြားမှုအပေါ် စိစစ်ရွေးချယ်၍ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၁၀)ဆုကို ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၁၈၄)ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)