
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မတ်လ(၁၀) နေ့လယ် (၁၄:၃၀)နာရီတွင် (၁)ရပ်ကွက် ဗိုလ်ဗထူးလမ်းရှိ “မိုး” သုံးထောင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။
ထိုကွင်းဆင်းစစ်ဆေးမှုတွင် “မိုး” သုံးထောင့်မုန့်လုပ်ငန်းမှ ထွက်ရှိသော ပါဝင်ပစ္စည်းများမှာ ဂျုံ၊ သကြား၊ ကြက်ဥ၊ ဆီ၊ ရေသန့်၊ ဆား၊ ထောပတ်များ ပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှု အနေဖြင့် ဘူး (၁၅၀)ဘူး ထုတ်လုပ်နိုင်ပြီး အရေအတွက်မှာ တစ်ဘူးလျှင် (၅)ခု ပါဝင်ပါသည်။ ဈေးနှုန်းအနေဖြင့် တစ်ဘူးလျှင် လက်လီ(၂၇၀၀)ကျပ်နှင့် လက်ကား(၇၅၀၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ လုပ်သားဦးရေ (၆)ဦးရှိပြီး လုပ်ခနှုန်းထားအနေဖြင့် တစ်လလျှင် (စားစရိတ်ငြိမ်း)တစ်သိန်းခွဲကျပ်နှုန်းဖြင့် ပေးအပ်ပါသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်းသာမက ဖျာပုံ၊ မော်ကျွန်း၊ စက်စုကျေးရွာများသို့ ဖြန့်ဖြူးလျက်ရှိပါသည်။ထို့နောက်မြို့နယ်တာဝန်ခံမှ ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)