ဒေးဒရဲမြို့ ခင်မောင်ဆွေ စတီး၊ သံပန်း/သံတံခါး လုပ်ငန်းသို့ MSME ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း

Powered by Drupal

           ဖျာပုံခရို်င၊ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ မတ်လ(၁၀)ရက်နေ့တွင် ဒေးဒရဲမြို့ လမ်းမတော်လမ်းရှိ ခင်မောင်ဆွေ စတီး၊ သံပန်း/သံတံခါး လုပ်ငန်းသို့ MSME ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆို့ပါ ကွင်းဆင်းမှုတွင်  မြို့နယ်တာဝန်ခံ ဦးသိန်းမောင်မှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ စားသုံးသူ၏ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် စိတ်ကျေနပ်မှုအတွက် စစ်ဆေးခြင်း၊ ထုတ်ကုန်များ၏ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ဈေးနှုန်းဈေးကွက်ရရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)