ဒေးဒရဲမြို့မဈေးတွင် စားသံးဆီ (ဘူးသွင်) ဆီအမျိုးမျိုး ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် ဒေးဒရဲမြို့မဈေးတွင် စားသံးဆီ (ဘူးသွင်း) ဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့မဈေးအတွင်း ရောင်းချနေသည့် ဘူသွင်းစားသုံးဆီများကို စစ်ဆေးရာတွင်  Meizan၊ နေကြာဆီ၊ Lotus  ဟင်းသီးဟင်းရွက်ဆီ၊ အမေ့ထွားပဲဆီ၊ Duck ဟင်းသီဟင်းရွက် ဆီဘူးများတွင် FDA ထောက်ခံချက်များနှင့်ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)