
မြန်မာနိုင်ငံတွင် နှစ်စဉ်တပိုတွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” အဖြစ်သတ်မှတ်ထားပြီး အထိမ်းအမှတ် လှုပ်ရှားမှုများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ သို့သော် မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်မှုဓလေ့ကို ယူနက်စကို၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် (Representative List of the Intangible cultural Heritage od Humanity) သို့ အမည်စာရင်း တင်သွင်းနိုင်ရန် (၂၀၂၀) ခုနှစ်မှ စတင်၍ ကြိုးပမ်းမှုများ ဆောင်ရွက်ခဲ့ရာ အချက်အလက်အချို့ လိုအပ်နေကြောင်း ယူနက်စကိုမှ ပြန်လည် အကြောင်းကြားလာခဲ့ပါသည်။ ထို့ကြောင့် လိုအပ်သော အချက်အလက်များ ပြန်လည်ဖြည့်သွင်းကာလာမည့် (၃၁.၃.၂၀၂၅) ရက်နေ့တွင် ပြန်လည်တင်ပြသွားရမည် ဖြစ်သောကြောင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှု့ဓလေ့ကို UNESCO သို့ အောင်အောင်မြင်မြင် တင်သွင်းနိုင်ရေးအား ကမ္ဘာ့ကသိသော အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ (၅.၃.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများအပါအဝင် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် လပွတ္တာခရိုင်တို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများကလည်း မြန်မာ့သနပ်ခါးအား ဂုဏ်ယူစွာလိမ်းချယ်၍ ဝိုင်းဝန်းထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)