ဇလွန်မြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၁၆.၃.၂၀၂၅)ရက်နေ့ ၊ နံနက် (၁၀:၀၀) အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊  စားအုန်းဆီရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိတို့အား ရှောင်တခင်   ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် ဟင်္သာတဆီထုတ် လက်ကားကိုယ်စားလှယ် များမှ ဇလွန်မြို့ နယ်အတွက် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံ ဆိုင်များ မှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ  ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့် သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း သိရှိရပြီး စားအုန်းဆီအရောင်းဆိုင် (၈)ဆိုင်အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)