
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်ရှိတာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၇.၃.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ အိမ်မဲမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီအသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့သို့ဆွေးနွေးဆောင်ရွက်ရွာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ ပုဂ္ဂလိကမော်တော်ယာဉ် စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီအသင်းရုံးအဖွဲ့မှူးအား ချမှတ်ထားသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ၏လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာကျင့်သုံးကြရန်၊ ယာဉ်တစ်စီးတွင် သတ်မှတ်ထားသည့် တန်ချိန်ထက်ကျော်လွန်၍တင်ဆောင်ခြင်းမပြုရန်၊ ကုန်စည်ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်စည်ဂိတ်များထားရှိရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)