ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးTalk Show ပြုလုပ်

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး Talk Show အား (၁၀.၆.၂၀၂၂)ရက်နေ့ နေ့လည် (၂:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါဆွေးနွေးပွဲတွင် ဝက်လက်မြို့နယ်တာဝန်ခံ ဦးမျိုးအောင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့၏အခွင့်အရေးများကို သိရှိရန်လိုအပ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးချိုးဖောက်ခြင်းခံရပါက စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုဖြစ်ပါက အရေးဆိုတိုင်ကြားနိုင်မှုအခြေအနေများကို အကျယ်တဝင့်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း းသိရှိရပါသည်။

DOCA(စစ်ကိုင်း)