ချောက်မြို့၊ မူလတန်းကြိုကျောင်း၌ အသိပညာပေးဟောပြော

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ (၁၈.၃.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် မူလတန်းကြိုကျောင်း၌ ကလေးငယ်များအား လူမှုဆက်ဆံရေးကောင်းမွန်ပြီး ကျန်းမာပျော်ရွှင်သော ကလေးငယ်များဖြစ်လာစေရေးရည်ရွယ်၍ အသိပညာပေးခြင်းကို ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံက စားသုံးရန်မသင့်သော အစားအစာများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက ကလေးများအချင်းချင်းမျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေမည့်အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)