ကျိုက်ထိုမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ယိုမျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           ၁၈.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊‌ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်း၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ ယိုမျိုးစုံရောင်းချလျက်ရှိသောဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင် တာဝန်ခံ ဦးအောင်ကျော်မင်းက ကျိုက်ထိုမြို့နယ်အတွင်းရှိ ယိုမျိုးစုံထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ ယိုတစ်မျိုးချင်းစီအလိုက် ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှုအခြေအနေ၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံမှု၊ ကြိုတင်သတိပေးချက်မရှိသော ယိုမျိုးစုံတို့အား ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)