လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်  မြို့နယ်တာဝန်ခံ    ဦးမင်းဇော်လတ်သည်(၁၄.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀;၀၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ နတ်မင်းကြီး(အမက)ကျောင်း တွင် ကျောင်းသား/သူ ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် ဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား ပညာဗဟုသုတတိုးစေရန်အတွက် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)