အင်းစိန်မြို့နယ် City Mart (ဖော့ကန်)ရှိ ဆန်အရောင်းကောင်တာအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ၂၀.၃.၂၀၂၅ ရက်နေ့ နံနက်(၁၁:၅၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အင်းစိန်မြို့နယ်၊ အမှတ်(၁၃)၊ ၁-ခ(၃၉၉-က)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ City Mart (ဖော့ကန်)ရှိ ဆန် အရောင်းကောင်တာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော ဆန်အမျိုးအစား၊ အမှတ်တံဆိပ်တို့၏ (Kg)၊ ဈေးနှုန်းများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် ဆန်ဈေးနှုန်း ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း တာဝန်ခံအား အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)