
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ မြို့နယ်(အရှေ့ပိုင်း)ရှိ Asia Energy စက်သုံးဆီအရောင်းဆိုင်သို့ ၂၀.၃.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Asia Energy စက်သုံးဆီဆိုင်မှ ဒုတာဝန်ခံဦးမင်းမော်နှင့် တွေ့ဆုံ၍ သတ်မှတ်ထားသော ရည်ညွှန်းဈေးများဖြင့် ရောင်းချခြင်းရှိ/မရှိ၊ LED ဈေးနှုန်း ဘုတ်များတပ်ထားခြင်း ရှိ/မရှိ၊ ချိန်တွယ်ရာတွင်လည်း လီတာများ ပြည့်ဝမှုရှိ/မရှိနှင့် ဆီပြတ်လပ်မှုများရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပါကြောင်း၊ LED ဘုတ်များလည်း နေ့စဉ်တင်ထားပါကြောင်း၊ လီတာများကိုလည်း ပြည့်ဝစွာချိန်တွယ် ပေးပါကြောင်း၊ စက်သုံးဆီများလည်း ပြတ်လပ်မှုမရှိပါကြောင်းနှင့် ဆီဘောက်ဆာ အဝင်များကို လည်း သက်ဆိုင်ရာဌာနများသို့ စာရင်းပေးပို့လျက်ရှိပါကြောင်း ကွင်းဆင်းဆောင်ရွက်မှုအရ သိရှိရပါသည်။
DOCA(ရန်ကုန်)