
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ကုန်စည်များကို အသုံးပြုနိုင်ရန် ရည်ရွယ်ကာ စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဦးစားပေးကုန်စည်(၁၀)မျိုး သတ်မှတ်ကာ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် သက်ဆိုင်ရာကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိကို မတ်လ(၂၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကလေးကစားစရာပစ္စည်း အမျိုးမျိုးတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်အရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စည်ပင် သာယာမြို့မဈေးရှိ ရုံ(တိုးချဲ) အမှတ် (၁၁/၁၂) ဒေါ်နီနီလွင်ဆိုင်တွင် ရောင်းချနေသည့် ကလေး ကစားစရာကော်ရုပ် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများအား ဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ မဖြစ်မနေဖော်ပြပါရှိရမည့်အချက်များ ပါဝင်ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားခြင်းမှရှိသော ကလေးကစားစရာ အရုပ်အမျိုးမျိုးတို့အား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သတ်၍ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဘေးအန္တရာယ်ကင်းသည် ကလေးကစားစရာပစ္စည်း အရုပ်အမျိုးမျိုးတို့ကိုသာ ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူး ရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)