“ ခရမ်းမြို့နယ်၌ကလေးကစားစရာအရုပ်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/မရှိဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၅ခုနှစ် မတ်လ(၁၇) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံနှင ့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအဖွဲ့၊ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေး အတွင်းရှိ ကလေး ကစားစရာအရုပ်ဆိုင်များတွင် ရောင်းချလျက်ရှိသော အရုပ်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်ဆိုင်များဖြစ်သော ဒုံဒုံစတိုးဆိုင်၊ သော်တာလင်းစတိုးဆိုင်များရှိ ကော်ဖြင့်ပြုလုပ်ထားသော ပြည်တွင်းထုတ် ကော်မော်တော်ကား၊  ကော်အရုပ်မ၊ ကော်ဇီးကွက်ရုပ်၊ ကော်ဒန်အိုးအသေး၊ ကော်ဘောလုံးမျိုးစုံ အစရှိသော ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များအား မြန်မာဘာသာဖြင့် ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး မြို့နယ်တာဝန်ခံက ကလေးကစားစရာ အရုပ်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြမှု အားနည်းနေ၍ ကလေးများဆော့ကစားရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် အရုပ်များတွင် ကြိုတင်သတိပေးချက်များ ထည့်သွင်း ဖော်ပြထားခြင်းဖြင့် ကလေးထိခိုက်မှု မရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)