
၂၀.၃.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ မိုးမိုးသစ်သီးယိုမျိုးစုံ ထုတ်လုပ်သည့် လုပ်ငန်းရှင် ဒေါ်ဌေးဝင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက သက်ဆိုင်ရာဌာနများ ခွင့်ပြုထားသော ဓာတုဆိုးဆေးများအား သတ်မှတ်အချိုးအစားအတိုင်း မှန်ကန်စွာသုံးစွဲကြရန်၊ သစ်သီးယိုမျိုးစုံပြုလုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်အမှတ်တံဆိပ်၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန်၊ ထုတ်ပိုးမှုစနစ်များ စိတ်ချလုံခြုံမှုရှိစေရေးဆောင်ရွက်ရန်၊ သက်တမ်းလွန်အစားသောက်များ ရောင်းချခြင်းမပြုရန်၊ အရည်အသွေးပြည့်မီသန့်ရှင်းကောင်းမွန်သော ကုန်ကြမ်းများဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)