ဘီးလင်းမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၉၅.၇၉ ရာခိုင်နှုန်းရှိ

Powered by Drupal

           မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို အထက (ဘီးလင်း နှင့် အထက (တောင်စွန်း)) တို့တွင်စာစစ်ဌာန (၂) ခု ဖွင့်လှစ်၍ မတ် (၁၇) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြောင်းသိရသည်။

            အဆိုပါတက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ၌ ဖြေဆိုရန် စာရင်းသွင်းထားသူ ကျား (၂၁၀) ဦး၊ မ (၃၈၅) ဦး၊ စုစုပေါင်း (၅၉၅) ဦးအနက် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ ကျား (၁၉၈) ဦး၊ မ (၃၇၂) ဦး၊ စုစုပေါင်း (၅၇၀) ဦး ပျက်ကွက်သူ ကျား (၁၂) ဦး၊ မ (၁၃) ဦး စုစုပေါင်း (၂၅) ဦးရှိရာ ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၅.၇၉) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

           တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကူညီ‌ရေးအဖွဲ့များ၊ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)