အွန်လိုင်းစနစ်ဖြင့် ရောင်းချသော လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

          ၁၉.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင် ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုမြို့နယ်တာဝန်ခံရုံးခန်း၌ အွန်လိုင်းရောင်းချခြင်း၊ Online Sale လုပ်ငန်းရှင်များ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အလှကုန်ပစ္စည်းရောင်းချသူများ၊ လက်ဝတ်ရတနာပစ္စည်းရောင်းချသူများ၊ အထည်အလိပ်ရောင်းချသူ၊ စုစုပေါင်းလုပ်ငန်းရှင် (၄) ဦးတို့အား အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် ကျိုက်ထိုခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပါဝင်သောအချက်များ၊ အွန်လိုင်းရောင်းချ ခြင်းအတွက် အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ရန်နှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချပြီး အွန်လိုင်းမှတ်ပုံ တင်မပြုလုပ်ရသေးသူများကို မှတ်ပုံတင်ပြုလုပ်နိုင်ရေး စည်းရုံးဆောင်ရွက်ပေးစေလိုကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ရန်အတွက် လိုအပ်သော အချက်အလက်များနှင့်စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)