
ရန်ကုန်တိုင်းဒေသကြီး၊ ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး အစည်းအဝေး လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ပြည်တွင်း ကုန်သွယ် ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲမှ တာဝန်ရှိဝန်ထမ်း(3)ဦးတို့သည် ပုဇွန်တောင် ဈေးစည်ပင်သာယာ ရေးကော်မတီ ရုံးမှ ဈေးတာဝန်ခံများနှင့် ပူးပေါင်း၍ ၂၁.၃.၂၀၂၅ ရက်နေ့၊ နံနက် (၉:၁၅ မှ ၁၀:၁၅) အချိန်ထိ ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံစားကုန် (၂၃)မျိုး၏ ဈေးကွက်ဆိုင်ရာအခြေအနေနှင့် ဈေးနှုန်း အခြေအနေများကို စာရင်းကောက်ယူစုံစမ်း စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
စာရင်းကောက်ယူခဲ့သည့် အခြေခံစားကုန် (၂၃)မျိုးမှာ ဆန်ကြမ်း/ဆန်ချော၊ ငစိန်ဆန်၊ ပဲဆီ၊ စားအုန်းဆီ၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ(ရှမ်း)၊ ကုလားပဲ၊ အာလူး၊ ဆား၊ သကြား၊ ငရုပ်(ရှည်/ပု)၊ စီပီ(ကြက်)၊ မြန်မာကြက်၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါးကြင်း၊ ကြက်ဥ၊ ဘဲဥ၊ မျှင်ငပိနှင့် ငါးတံခွန်ခြောက်တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခြေခံစားကုန် (၂၃)မျိုးတွင် ဆန်ကြမ်း / ဆန်ချောနှင့် စားအုန်းဆီတို့မှာ သက်ဆိုင် ရာဌာန၊ အသင်းအဖွဲ့များမှ သတ်မှတ်ပေးထားသည့်ရည်ညွှန်းဈေးနှုန်းအပေါ် အခြေခံရောင်းချရသ ဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် ကြီးမြင့်မှုမရှိတော့ဘဲ ဈေးနှုန်း သင့်တင့်မျှတစွာ ဝယ်ယူစားသုံးနိုင်သည်ကို စိစစ်တွေ့ရှိရပြီး ဘဲဥနှင့်ကြက်ဥတို့မှာလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း ကြီးကြပ်မှုအစီစဉ်ဖြင့် ရောင်းချပေးခြင်းနှင့် ဈေးစည်ပင်သာရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှု အောက်တွင် ရောင်းချပေးခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူ စားသုံးနိုင်ကြောင်း လေ့လာတွေ့ ရှိရပါသည်။ အလားတူ အခြားအခြေခံ စားသောက်ကုန် များအနေဖြင့် ဈေးကွက်အတွင်း ကုန်ပစ္စည်း ပုံမှန်ဝင်ရောက်လျှက်ရှိ နေခြင်းကြောင့် ပြတ်တောက်မှုမရှိဘဲ ဈေးငြိမ်လျှက်ရှိပြီး အသား/ငါးဈေးနှုန်းများမှာ အလုပ်သမား အခက်အခဲများရှိခြင်းကြောင့် သယ်ယူစရိတ်ကြီးမြှင့်သဖြင့် ဈေးနှုန်းအနည်းငယ်တက်လာသည် ကို လုပ်ငန်းရှင်များထံမှသိရှိရကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)