
၂၁.၃.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံ မြို့နယ်၊ မုဒွန်းကျေးရွာရှိ “လင်းယုန်ဦး” မုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက မုန့်များထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များကို ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရန်၊ သက်ဆိုင်ရာဌာနများ၏ စံချိန်စံညွှန်းများနှင့်အညီ ကုန်ပစ္စည်းများထုတ်လုပ်ရန်၊ မုန့်များထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရန်နှင့် တစ်ရက်ထုတ်လုပ်မှု အရေအတွက်၊ တစ်လထုတ်လုပ်မှုအရေအတွက်၊ တစ်လထုတ်လုပ်မှု ကုန်ကျစရိတ်၊ ရောင်းချ ဖြန့်ဖြူးမှုအခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)