
၂၁.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးမတည်ရန်ပုံငွေမှ ထောက်ပံ့ချေးငွေ ငွေကျပ် (၁၀၀) သန်းချေးယူပြီး လည်ပတ် လျက်ရှိသော ရွှေဦးဝေ စပါးခွံအမှုန့်ကြိတ်စက်ရုံအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စက်ရုံ လည်ပတ်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးခဲ့ရာ စပါးခွံအမှုန့်ကြိတ်စက် တစ်နာရီကြိတ်ခွဲပါက စပါးခွံအမှုန့် (၁၀) တန် ထွက်ရှိပြီး ၂၄ နာရီလည်ပတ်ပါက (၂၄၀) တန်ခန့် ထွက်ရှိပြီး စပါးခွံအမှုန့် တစ်တန်လျှင် (၈၀၀၀၀) ကျပ်ဖြင့် အရောင်းဝယ်ဖြစ်လျက်ရှိပြီး လျှပ်စစ်မီးရရှိမှုပေါ်မူတည်၍ ကြိတ်ခွဲရ ကြောင်း စက်ရုံပိုင်ရှင် ဦးခိုင်ဦးထံမှ သိရသည်။
စပါးခွံအမှုန့်ကြိတ်စက်ရုံတည်ဆောက်ခြင်းဖြင့် ဆန်စက်မှ ထွက်ရှိသော စပါးခွံများမှာ စွန့်ပစ်ရန်မလိုခြင်း၊ သဘာဝမြေဩဇာပြုလုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းပစ္စည်းဖြင့် အသုံး ပြုနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ခြင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုကြောင်း သိရှိရပါသည်။
DOCA(မွန်)