မိုးညိုမြို့၌စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဈေးလမ်း ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်ဦးခင်နိုင်(၂၂.၃.၂၀၂၅ )ရက်နေ့၊ နံနက်( ၁၀:၀၀) နာရီအချိန်တွင်    မြို့နယ်တာဝန်ခံ    ဦးမောင်မောင်အေးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်  အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ကုန်စည် အမျိုးအစား အလိုက်  သတ်မှတ်ချက်များနှင့်  အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ ထုတ်လုပ်ရက်စွဲ  ၊ သက်တမ်းကုန် ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်း လမ်းများအား လည်းကောင်း၊ ဥပဒေ  အခန်း(၁၀) ပါစီးပွားရေး  လုပ်ငန်းရှင်၏   တာဝန်များ၊ ဥပဒေ အခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍   အာမခံချက်ပေးခြင်းဖြင့်စားသုံးသူ လက်ခံနိုင်သည့်အရည် အသွေးရှိခြင်းကို အထူးအလေးထား  ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပြီး  လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)