ငပုတောမြို့နယ်၊ ငါးရန့်ချောင်းကျေးရွာရှိ ပြည်သူများအား အသိပညာပေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၃.၂၅) ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ငပုတောမြို့နယ် ငါးရန့်ချောင်းကျေးရွာသို့ သွားရောက်၍ ကျေးရွာရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          မြို့နယ်တာဝန်ခံမှ ကျေးရွာရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သတ်၍ စားသုံးမှုူပြုရာတွင် သိရှိနိုင်ရန် နှင့် သက်ဆိုင်ရာဌာနများမှဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

a