
၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ ၉း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀)ပေပါကို ယာဥ်မောင်း ဦးအောင်ကျော်ကျော်၊ ယာဉ်အမှတ် 7M-2226/ HINO မော်တော်ယာဥ်နှင့် အလားတူ ၉း၃၀ နာရီအချိန်တွင် အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ်ကားဂိတ် ယာဥ်ရပ်နားစခန်းသို့ Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၂)ပေပါကို ယာဥ်မောင်း ဦးဝင်းခိုင်၊ ယာဉ်အ မှတ် 6D-7081/ Nissan Diesel မော်တော်ယာဥ်နှင့် အလားတူ Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၂၈)ပေပါကို ယာဥ်မောင်း ဦးမျိုးမင်းကျော် ယာဉ်အမှတ် 7K-6531/ HINO မော်တော်ယာဥ်တို့ဖြင့်တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူ များက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီ စုစုပေါင်း (၂၀၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့တွင်းရှိ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)