Main menu

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

        ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ ၉း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀)ပေပါကို ယာဥ်မောင်း ဦးအောင်ကျော်ကျော်၊ ယာဉ်အမှတ် 7M-2226/ HINO မော်တော်ယာဥ်နှင့် အလားတူ ၉း၃၀ နာရီအချိန်တွင် အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ်ကားဂိတ် ယာဥ်ရပ်နားစခန်းသို့ Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၂)ပေပါကို ယာဥ်မောင်း ဦးဝင်းခိုင်၊ ယာဉ်အ မှတ် 6D-7081/ Nissan Diesel မော်တော်ယာဥ်နှင့် အလားတူ Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၂၈)ပေပါကို ယာဥ်မောင်း ဦးမျိုးမင်းကျော် ယာဉ်အမှတ် 7K-6531/ HINO မော်တော်ယာဥ်တို့ဖြင့်တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူ များက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီ စုစုပေါင်း (၂၀၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့တွင်းရှိ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)