ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကယားပြည်နယ် ပြောင်းအသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ပြောင်းကုန်သည်များ၊ ပြောင်းစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြောင်းကုန်သည်များ ၊ပြောင်းစိုက်ပျိုးတောင်သူများ စုစုပေါင်း (၈)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က ပြောင်းလုပ်ငန်းရှင်များ၊ပြောင်းစိုက်တောင်သူများအနေဖြင့် ကယားပြည်နယ် ပြောင်းအသင်းဖြစ်မြောက်ရေးအတွက် စိတ်ပါဝင်စားစွာ လာရောက်ဆွေးနွေးသည့်အတွက် ကြိုဆိုလျက်ရှိပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လုပ်ငန်းရှင်တို့၏ အခက်အခဲများရှိပါက တတ်နိုင်သမျှကူညီချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသောလုပ်ငန်းရှင်တစ်ဦးက မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်အသင်းနှင့် ကယားပြည်နယ် ပြောင်းလုပ်ငန်းရှင်များ Zoom Meeting ဖြင့် အကြိုတွေ့ဆုံရန် လိုအပ်ပါကြောင်း၊ ယခုလို တွေ့ဆုံဆွေးနွေးမှသာ ကယားပြည်နယ်ပြောင်းလုပ်ငန်းဖြစ်မြောက်ရေးအတွက် လိုအပ်သည်များကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာသောလုပ်ငန်းရှင်များမှ သိရှိလိုသည့်အချက်များကို မေးမြန်း၍ အသီးသီးဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ကယား)