စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးဦးဆောင်သော ဝန်ထမ်းများသည် (၂၁.၆.၂၀၂၂)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီရောင်းချမှုအခြေအနေ၊ စက်သုံးဆီအချင်အတွယ်မှန်ကန်မှု ရှိ/မရှိ၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ (၂၁.၆.၂၀၂၂)ရက်နေ့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြစ်သည့် (92- 2230, 95- 2330, HSD-2675, PD-2700) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် စက်သုံးဆီများရောင်းချရာတွင် အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးရာ မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ယင်းနေ့တွင် တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆိုင်ပေါင်း (၁၂) ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)