စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၁.၆.၂၀၂၂) ရက်နေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ညောင်တုန်း အ.ထ.က(၁) စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိတ်ဖက်ဌာနဖြစ်သော ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးနှင့် သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် က စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ဌာန၏ မျှော်မှန်းချက် ရည်မှန်းချက်နှင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများလိုက်နာရမည့် တာဝန်များအကြောင်း၊ လုပ်ငန်းရှင်တို့၏ တာဝန်များ လိုက်နာရမည့် အချက်များနှင့် စားသုံးသူများ ကုန်စည်ကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်နှင့် ကုန်စည်ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါက နစ်နာဆုံးရှုံးမှုအတွက် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းများအကြောင်းသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူးမှ အပြန်အလှန့််ရှင်းလင်း ဖြေကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများ စုစုပေါင်း(၂၄၀) ဦး တက်ရောက်ခဲ့ပြီး နေ့လယ် ၁:၀၀ နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)