
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံး သူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၆.၅.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ ဝင်းရတနာ ပဲကြော်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လုပ်ငန်းရှင်အနေဖြင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် ကုန်စည်၏ အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ် သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ စသည့် ဥပဒေပါပြဌာန်းချက်များနှင့်ကိုက်ညီသောကုန်စည်များ ရောင်းချမှုရှိ/မရှိအားစစ်ဆေးခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီဆောင်ရွက် စေရေး၊ မိမိရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းနှင့်စပ်လျဉ်းပြီး အာမခံချက်၊ သတ်မှတ်ချက် များနှင့်ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်စေ ရေး၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ ဖော်ပြရမည်ဖြစ် သလို ဖြန့်ဖြူးရောင်းချသူများမှာလည်း အဆိုပါအချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည် များသာ ရောင်းချရန်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်မှုပြုလုပ်ကြရန် ဆွေးနွေးဟောပြောခဲ့ပြီး လုပ်ငန်းခွင်များသို့ မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)